Monday, July 14, 2014

သင့်အသားအရေ အပြစ်အနာအဆာတို့အတွက် အကောင်းဆုံး ဗီတာမင်များ



တချို့အာဟာရဓာတ်တွေဟာ အရေပြားအိုမင်းမှု လက္ခဏာ
တွေကို ကာကွယ်ပေးနိုင်တယ်၊ ဖြစ်ပေါ်နေတဲ့ အိုမင်းမှုပြဿ
နာတွေကို လျော့ချပေးနိုင်တယ် ဆိုတာ လေ့လာမှုတွေ အရ သိရပါတယ်။ ကောင်းမွန်မျှတတဲ့ အစားအသောက်ဟာ အသားအရေကိုနူးညံ့ပျော့ပျောင်းကာ တောက်ပစေတဲ့ အ တွက် အစား အသောက်ကို အာဟာရပြည့်ဝအောင်စားဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ဗီတာမင်တွေကို လိမ်းခြယ်တာ
ကြောင့်လည်း အရေးကြောင်းဖြစ်တာ၊ မျက်ကွင်းညိုတာ စတဲ့
ပြသနာတွေကို ကင်းစင်စေပြီး အိုမင်းမှုကို ဟန့်တားပေးနိုင် ပါတယ်။ သင့်မှာ ဖြစ်ပေါ်တဲ့ပြသနာတွေပေါ် မူတည်ပြီး အသုံး
ပြုသင့်တဲ့ ဗီတာမင်အမျိုးအစားတွေကို ရေးသားလိုက်ရပါ တယ်။

(၁) အရေးကြောင်းဖြစ်နေသလား

 

• ဗီတာမင်အေကို အသုံးပြုပါ •


အသားအရေထိန်းလိုးရှင်း၊ ညလိမ်းခရင်မ်တွေထဲမှာ ဗီတာမင်အေအနွှယ်ဝင်ရက်တီးနွိုက်(Retinoid) ပါဝင် ပါတယ်။

အာနိသင် အရေးကြောင်း၊ အညိုရောင် အစက်အပြောက်နဲ့ အသားအရေကြမ်းတမ်းမှုတွေကို လျော့ပါး
စေပါတယ်။

ဘယ်လိုသုံးရမလဲ ရက်တီးနွိုက်ခရင်မ်ကို ညဘက်မှာ လိမ်းပါ။ ရက်တီးနွိုက် ခရင်မ်တွေက လေးပါတ် ကနေ ခြောက်ပတ်အတွင်းအာနိသင်ပြတတ်ပါတယ်။ ပဲစေ့အရွယ်ပမာဏကို မျက်နှာတစ်ပြင်လုံးအနှံ့ လိမ်း
ပေးပါ။


(၂) အရေပြား နီမြန်းနေသလား 


• ဗီတာမင် B3 ကို အသုံးပြုပါ •

လိုးရှင်း၊ ခရင်မ်နဲ့ ဆီကြည်(Serum) တွေထဲမှာ နိုင်ယာစီနမိုက် အမည်နဲ့ တွေ့ရတတ်ပါတယ်။

အာနိသင် အရေပြားရဲ့ အပြင်လွှာကိုအကာအကွယ်ပေးနိုင်တဲ့ အဓိက ပါဝင်ပစ္စည်းနှစ်ခုဖြစ်တဲ့ ဆီးရာ မိုက်နဲ့ ဖက်တီးအက်စစ်ထုတ်လုပ်မှုကို တိုးစေပါတယ်။ သင့်အသားအရေက ခြောက်သွေ့ရင် ဒါမှမဟုတ် ထိခိုက်လွယ်ရင် ဗီတာမင် B3 ပါတဲ့ ခရင်မ်ကိုလိမ်းပြီး အစိုဓာတ်ထိန်းပေးပါ။ လေ့လာမှုအရ နိုင်ယာစီနမိုက် ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ဟာ အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အရေပြားနီမြန်းမှုကို လျော့ကျစေပါတယ်။ ဗီတာမင် B3 ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုက အရေပြားဆဲလ်တွေဆီ ရောင်ခြယ်ပစ္စည်းရောက်ရှိမှုကို ပိတ်ပင်နိုင်ပြီး အမည်းစက်တွေကို လျော့ပါးစေပါတယ်။

ဘယ်လိုသုံးရမလဲ အကောင်းဆုံး အာနိသင်ရရှိဖို့အတွက် ဗီတာမင် B3 ပါတဲ့ခရင်မ်ကို မနက်ခင်းနဲ့ ည
နေခင်းတွေမှာလိမ်းပေးပါ။ ရက်တီးနွိုက်ခရင်မ်ကြောင့် အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်မှုကို လျော့ကျစေဖို့နိုင်ယာစီ နမိုက်ပါတဲ့ ခရင်မ်နဲ့ တွဲလိမ်းနိုင်ပါတယ်။ မလိမ်းခင် အဲဒီခရင်မ်အမျိုးအစား နှစ်ခုကို လက်ဖ၀ါးထဲ ရောကာ ပွတ်သပ်ပြီး မျက်နှာပေါ် လိမ်းပေးပါ။ ဘေးထွက်ဆိုးကျိုးတွေကို လျော့ကျစေတဲ့အပြင် အိုမင်းမှုကို ဟန့်တား
ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်ကိုလည်းရရှိစေပါတယ်။


(၃) အရေပြား အစက်အပြောက်ဖြစ်နေသလား


• ဗီတာမင်စီကို အသုံးပြုပါ •

အရေပြား အစက်အပြောက်တွေလျော့ပါးစေဖို့ အညွှန်းမှာ ဗီတာမင်စီအနည်းဆုံး ၅ ရာခိုင်နှုန်းနဲ့ အထက်ပါ ၀င်တဲ့ ခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။

အာနိသင် အရေးကြောင်းဖြစ်တာ၊ အရေပြားတွဲကျတာနဲ့ တခြား အိုမင်းစေတဲ့အပြောင်းအလဲတွေကို
ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဗီတာမင်စီက တွန်းလှန်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ အရေပြားကို
ချောမွေ့တင်းရင်းစေပြီး အညိုရောင်အစက်အပြောက်တွေကို မှိန်ဖျော့စေပါတယ်။ လေ့လာမှုတစ်ခုအရ နေ
လောင်ဒဏ်ခံရတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်စီခရင်မ်ကို ခြောက်ပတ်ကြာ လိမ်းပေးတာကြောင့် အရေး
ကြောင်း ပါးပါးဖြစ်တာနဲ့ အရေပြား အရောင်ပြောင်းလဲမှုကို သိသိသာသာ လျော့ပါးစေတယ်လို့သိရပါတယ်။

ဘယ်လိုသုံးရမလဲ နေကာခရင်မ်မလိမ်းခင် ဗီတာမင်စီခရင်မ်ကို လိမ်းပေးပါ။ ဒါဆိုရင် ခရမ်းလွန်ရောင်
ခြည်ဒဏ်ကြောင့် ထွက်လာတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးနဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ ဗီတာမင်စီဟာ ဖရီးရယ်ဒီကယ်ကြောင့် အသားအရေထိခိုက်မှု မဖြစ်အောင် လေးဆပိုမို ကာကွယ်ပေးနိုင်ပါတယ်။


(၄) အစိုဓာတ်ထိန်းလိုသလား


• ဗီတာမင်အီးကို အသုံးပြုပါ •

အသားအရေခြောက်သွေ့မှုကိုသက်သာစေပြီး အရေပြားရဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ် တွန်းလှန်နိုင်စွမ်းကို အားကောင်းစေပါတယ်။ အကောင်းဆုံးအိုမင်းမှု ထိန်းခရင်မ်တွေမှာ အနည်းဆုံး ဗီတာမင်အီးတစ်ရာခိုင်နှုန်း ပါဝင်တတ်ပါတယ်။

အာနိသင် ဗီတာမင်အီးဟာ အရေပြားခြောက်သွေ့မှုကို တွန်းလှန်ပေးပြီး အစိုဓာတ်ကို ထိန်းပေးနိုင်ပါ တယ်။ အင်တီအောက်ဆီးဒင့်ဖြစ်တာကြောင့် စီးကရက်မီးခိုးတွေနဲ့ ထိတွေ့ပြီးနောက် ထွက်လာတဲ့ မကောင်းတဲ့ မော်လီကျူးတွေကိုလျော့ကျစေတဲ့ အစွမ်းလည်း ရှိပါတယ်။ဗီတာမင်အီးကို နေပူထဲမထွက်ခင် လိမ်းပေးရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့်အရေပြား နီမြန်းမှု၊ ရောင်ရမ်းမှုနဲ့ ခြောက်သွေ့မှု ဖြစ်နှုန်း
လျော့ကျစေပါတယ်။

ဘယ်လိုသုံးရမလဲ ခရမ်းလွန်ရောင်ခြည်ဒဏ်မခံရခင်နဲ့ ခံရပြီးချိန်မှာ ဗီတာမင်အီးခရင်မ်လိမ်းပါ။ ဗီတာ မင်အီးရဲ့ရောင်ရမ်းမှုတွန်းလှန်ပေးနိုင်တဲ့ အစွမ်းဟာ နေဒဏ်ခံရပြီးနောက် အရေပြားထိခိုက်မှုကို လျော့ကျ
စေပါတယ်။


(၅) မျက်ကွင်းညိုနေသလား


• ဗီတာမင်ကေကို အသုံးပြုပါ •

အိုင်းခရင်မ်တွေထဲမှာ ဗီတာမင်ကေကို ထည့်သွင်းထားတတ်ပါတယ်။

အာနိသင် မျက်ကွင်းညိုတာကို လျော့ပါးစေပါတယ်။ မျက်ဝန်းအောက်ရှိ ထိရှလွယ်တဲ့ ဆံချည်မျှင်သွေး
ကြောတွေဟာအရေပြားထဲ သွေးစိမ့်ဝင်မှုကို ဖြစ်စေပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ဗီတာမင်ကေပါတဲ့ အိုင်း ခရင်မ်ကို လိမ်းပေးပါ။ နေ့စဉ်ဗီတာမင်ကေခရင်မ်ကို လိမ်းပေးတာကြောင့် လေးလအကြာမှာ မျက်ကွင်းညို တာ သိသိသာသာ လျော့ပါးသွားတာကိုလေ့လာတွေ့ရှိရပါတယ်။ ဗီတာမင်ကေနဲ့ ရက်တီနောနှစ်မျိုးတွဲဖက် ပါဝင်တဲ့ အိုင်းခရင်မ်ကိုလိမ်းရင် မျက်ကွင်းညိုတာတင်မက အရေးကြောင်းဖြစ်တာကိုပါ လျော့ပါးစေပါတယ်။

ဘယ်လိုသုံးရမလဲ ညတိုင်း လိမ်းပါ။

ဇွန်ခိုင်ဦး        
(ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment