
ကိုယ်အလေးချိန်
တိုးလာတယ်ဆိုတာဟာ ဗိုက်မဆာပဲနဲ့ စားလိုက်တဲ့ အစားအစာတွေကြောင့်
အများအားဖြင့် ဖြစ်လာတာပါ။ ဆာလောင်ခြင်းမရှိပဲ စားသောက်ခြင်းကနေ
ရုန်းထွက်နိုင်မယ့် အချက်တွေကို အကြံပေးချင်ပါတယ်။
Ref:womenshealthmag.com
သင်မစားခင်မှာ ခဏရပ်လိုက်ပါ။
ကိုယ့်ကိုယ်ကို
သတိပေးခြင်းဟာ အဓိကသော့ချက်ပဲဖြစ်ပါတယ်။ သင်တကယ်လိုအပ်နေလား၊ သင်တကယ်
စားလိုက်ရမလား ဆိုပြီးတော့ သင့်ကိုယ်သင် မေးခွန်းထုတ်ရမယ့်
အချိန်ပဲဖြစ်ပါတယ်။
ဗိုက်တကယ်ဆာနေပြီလားဆိုတာကို စစ်ဆေးပါ။
သင့်ရင်သားအရိုးအောက်မှာ
လက်သီးဆုပ်ပြီး တင်ကြည့်ပါ။ ဗိုက်အသံမြည်နေတယ် သို့မဟုတ် ဗိုက်ထဲ
ဘာမှမရှိသလို ခံစားရတယ်ဆိုရင်တော့ သင်တကယ် ဗိုက်ဆာတာ ဖြစ်နိုင်ပါတယ်။
ခန္ဓာ-စိတ်-နှလုံး တဆင့်ပြီး တဆင့် လေ့လာပါ။
သင့်
ခေါင်းကနေခြေဖျားထိ သေချာဂရုစိုက်ပြီး လေ့လာကြည့်ပါ။
သင့်လည်တိုင်နဲ့ပုခုံးကနေ အကြောတင်းနေတယ်လို့ သင်ခံစားရတယ်ဆိုရင်
ဒါသင်ဗိုက်ဆာတာ မဟုတ်ပဲနဲ့ ဖိစီးမှု တစ်ခုခု ခံစားနေတာပဲဖြစ်ပါတယ်။ ပြီးတော့
သင်စားစရာတစ်ခုခုကို စဉ်းစားကြည့်ပါ။ သင်ပျင်းပြီး အိပ်ချင်သလိုလို
ဖြစ်လာပြီဆိုရင် ဒါဗိုက်ဆာတာ မဖြစ်နိုင်ပါဘူး။ နှလုံးကို စမ်းသပ်မယ့်
ပုံစံကတော့ သင့်ခံစားချက်တွေကို နားထောင်ကြည့်ပါ။ ညက အိပ်မပျော်တဲ့အကြောင်း
၊ အလုပ်များတဲ့အကြောင်း စဉ်းစားရင်း တစ်ခုခု စားချင်သလိုဖြစ်လာလိမ့်မယ်။
သင်တစ်ခုခု စားတယ်ဆိုရင် အစပိုင်းမှာ အရသာတွေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်
စိတ်ရှုပ်ရင်း ဘာမှမစဉ်းစားတော့ပဲ စားရင်လည်း စားနိုင်ပါတယ်။
ဗိုက်ဆာတယ်ဆိုပြီး အစာမစားခင်မှာ စမ်းသပ်ဖို့ လမ်းလျှောက်ပါ(သို့) ရေသောက်ပါ။
သင်ဗိုက်ဆာလား
၊ မဆာလား သေချာမသိနိုင်ဘူးဆိုရင် သင်အခန်းထဲက ထွက်ပြီး လမ်းလျှောက်ပါ။
ရေသောက်လိုက်ပါ။ သို့မဟုတ် မိနစ်၂၀ လောက် ကုတင်ပေါ်လှဲလိုက်ပါ။
ဒီလိုလုပ်ပြီး ပိုပြီး ဗိုက်ဆာလာတယ်ဆိုရင်တော့ သင်တကယ် ဗိုက်ဆာနေတာ
သေချာသလောက် ရှိနေပါပြီ။Ref:womenshealthmag.com
0 comments:
Post a Comment