Thursday, July 17, 2014

အသက်ကြီးသည်အထိ ဦးနှောက်စွမ်းအား ထိန်းထားနိုင်စေရန်


အသက်ကြီးတယ်ဆိုတာ ဘ၀ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးတဲ့အထိ မှတ်ဥာဏ်ကောင်းမွန်နေဖို့ နဲ့ ဦးနှောက်စွမ်းရည်တက်ကြွနေစေဖို့ရာ မှန်ကန်တဲ့ အာဟာရဓာတ်နဲ့လေ့ကျင့်ခန်းတွေ လိုအပ်ပါတယ်။
အောက်ပါနည်းတွေဟာ အသက်အရွယ်ကြီးရင့်ချိန်အထိ ဦးနှောက်ကို တက်ကြွသန်စွမ်းစေမယ့် နည်းတွေ
ဖြစ်ပါတယ်။

မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်ဖြုန်းပါ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ တွေ့ဆုံပေါင်းဖော်တာက သင်ထင်တာထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ် ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စကားစမြည်ပြောဆိုတာဟာ ဦးနှောက်အစိတ်အပိုင်း အတော် များများကို လှုံ့ဆော်ပေးနိုင်ပါတယ်။ စကားနားထောင်တာ၊ သတင်းအချက်အလက်တွေကို ဘာသာပြန်တာ နဲ့လိုက်လျောညီထွေရှိအောင်ပြန်ပြောတာတွေအားလုံးဟာ မှတ်ဥာဏ်တတ်ကြွစေတဲ့ နည်းတွေဖြစ်ပါတယ်။ ဟာသပြောတာနဲ့ ရယ်မောတာဟာလည်း စိတ်ဖိစီးမှုကို အနိုင်ယူပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကို တက်ကြွစေတဲ့ နည်းတွေ ဖြစ်ပါတယ်။ 

လေ့ကျင့်ခန်းလုပ်ပါ

လေ့လာမှုအရာ လေ့ကျင့်ခန်းလုပ်တာဟာ အန်ဒေါ်ဖင်ဟော်မုန်းနဲ့ တခြားကောင်းတဲ့ ဓာတ်တွေထွက်ရှိစေ ပြီး ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်တိုးတက်စေပါတယ်။ လေ့လာမှုတချို့အရ ဘ၀တစ်
လျှောက်လုံး လေ့ကျင့်ခန်းလုပ်တာဟာ အသက်ကြီးတာနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်လုပ်ငန်းဆိုင်ရာ ရောဂါ
တွေကို အကာအကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုများတဲ့ ဦးနှောက်ကို ကြည်လင်သွားစေပြီး အရာရာ ကို အာရုံစူးစိုက်နိုင်စွမ်းမြင့်မားလာပါတယ်။

အသစ်ကို လေ့လာပါ

အသက်ကြီးတဲ့သူတွေအနေနဲ့ ငယ်ရွယ်စဉ်က မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို စတင်စမ်းသပ်လေ့လာလုပ်
ဆောင်ကြည့်သင့်ပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ ဦးနှောက်ဟာ ဘယ်အသက်အရွယ်မဆို သတင်း အချက်အလက်အသစ်တွေကိုလေ့လာနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ကိုလေ့လာဖို့ ပညာအသစ်တွေနဲ့ ထိတွေ့
စေလေလေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်လေလေ ပါပဲ။

စားသောက်ပါ

ဗိုက်ဆာနေချိန်မှာ ဦးနှောက်က တွေးခေါ်နိုင်စွမ်း လျော့နည်းတတ်ပါတယ်။ အခွံမာတဲ့ အစေ့အဆန်၊ ဘလူး ဘယ်ရီသီးနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတဲ့ ငါးနဲ့ ထောပတ်သီးတို့လို အစာတွေက ဦးနှောက်ကို ကျန်းမာစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ကော်ဖီသောက်တာတွေကြောင့်လည်း ဦးနှောက်စွမ်း အား ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

စိတ်ကူးယဉ်ပါ

စိတ်ကူးယဉ် အိမ်မက်မက်တာဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းအတော်များများကို လှုံ့ဆော်ပေးပြီး ပြဿနာ
ဖြေရှင်းနိုင်စွမ်းကို မြင့်တက်စေပါတယ်။

ဇွန်

0 comments:

Post a Comment