Thursday, July 17, 2014

သစ်သီးဖျော်ရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး သုံးရပ်


သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိတ်ဝါးစားရမှာအခက်အခဲ ရှိနေသူတွေအနေနဲ့ လတ်ဆတ်တဲ့ သစ်သီးကို ဖျော်ရည်အဖြစ် ပြုလုပ်ပြီး သောက်သုံးတာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူး သုံး ရပ်ကို ရရှိစေပါတယ်။



(၁) အာဟာရဓာတ်များကို လွယ်ကူစွာ စုပ်ယူရရှိနိုင်ခြင်း


သစ်သီးတွေကနေ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေ မဂ္ဂနီဆီယမ် အပါ အဝင် သတ္ထုဓာတ်အများအပြားတို့ ရရှိစေပြီး စွမ်းအင်တိုးစေပါတယ်။

(၂) အားကစားသမားများ သက်လုံကောင်းပြီး ကြွက်သားသန်စွမ်းမှု မြန်ဆန်ခြင်း


စက်ဘီးစီးတဲ့ အားကစားသမားတွေကို လေ့လာမှုအရခြောက်ရက်ခန့် မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက် တဲ့ အားကစားသမားတွေဟာ စက်ဘီးကို မြန်မြန်စီးနိုင်ပြီး အောက်ဆီဂျင်အသုံးပြုမှုနည်းကာ သက်လုံ
ကောင်းမွန်မှု ရှိတယ်လို့ သိရပါတယ်။

(၃) လိုချင်သော ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ခြင်း


ခန္ဓာကိုယ်ကြွက်သားတွေ သန်စွမ်းဖို့ ပရိုတင်းဓာတ်လိုအပ်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းနိုင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်ဖို့ရာအတွက် ရောင်စုံသစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။

★ ကြယ်စင် ★

0 comments:

Post a Comment