Thursday, July 17, 2014

နွယ်ချို၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 

စိတ်ဓာတ်ကျခြင်း


နွယ်ချိုအမြစ်ထဲမှာ တွေ့ရတဲ့ ဂလီဆိုင်ရစ်ဇစ်အက်စစ် (Glycyrhizic Acid) ဟာ အဒရီနယ်ဂလင်းရဲ့ လုပ် ငန်းဆောင်တာတွေကို အားကောင်းစေပြီး စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာကို သက်သာစေပါ တယ်။ အဒရီနယ်ကလင်းဟာ ကော်တီစော အပါအ၀င် စိတ်ဖိစီးမှုဟော်မုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။
နွယ်ချိုမှာပါတဲ့ အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ် နာ့ဗ်ကြောစနစ်ရဲ့ မျှခြေကို တည်ငြိမ်အောင် ထိန်းချုပ်ပေး
နိုင်ပါတယ်။



နှလုံးသွေးကြောရောဂါနှင့် သွေးတွင်း ကိုလက်စထရောများခြင်း


လေ့လာမှုအရ နွယ်ချိုဟာ ကိုယ်တွင်း သည်းခြေရည်စီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် ကိုလက်စထ
ရောကို ထိန်းချုပ်ပေးနိုင်ကြောင်း သိရပါတယ်။ နွယ်ချိုထဲက အင်တီအောက်ဆီးဒင့်ဟာ သွေးကြောမျှင် ကျန်းမာရေးကို ကောင်းမွန်စေပြီးသွေးကြောပိတ်ဆို့မှုကို ဟန့်တားနိုင်ပါတယ်။


သွေးဆုံးခြင်း


နွယ်ချိုမှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်နဲ့ အင်တီအောက်ဆီးဒင့် လုပ်ငန်းဆောင်တာဟာ မောပန်းတာ၊ စိတ်လှုပ် ရှားတာနဲ့ ပူနွေးတာစတဲ့ သွေးဆုံးချိန်ဖြစ်တဲ့ ဟော်မုန်းပြဿနာတွေအတွက် အသုံးဝင်ပါတယ်။

ရာသီလာခြင်းနှင့် ရာသီအကြိုဝေဒနာ


နွယ်ချိုဟာ ရောင်ရမ်းမှု လျော့ကျစေပြီး အီစထရိုဂျင်ရဲ့ လုပ်ငန်းဆောင်တာကို  ကောင်းမွန်စေတဲ့အတွက် ရာသီအကြိုဝေဒနာတွေ ဖြစ်တဲ့ ရင်သားတင်းတာ၊ ဗိုက်နာတာ၊ ပျို့အန်ချင်ဖြစ်တာနဲ့ လေပွတာတွေကို သက်သာစေပါတယ်။ ရာသီမလာခင် သုံးရက်အလိုမှာ နွယ်ချိုအမြစ်ကို လက်ဖက်ရည်ထဲထည့်သောက်ရင် ရာသီအကြိုဝေဒနာကို သက်သာစေပါတယ်။


အရေပြားပြဿနာများ


နှင်းခူ၊ အရေပြားနီမြန်းတာ၊ ဆိုးရီးယေးစစ်အနာနဲ့ အရေပြား ယားယံခြောက်သွေ့မှုတို့လို အရေပြားပြဿ နာတွေ သက်သာစေဖို့ နွယ်ချိုက အသုံးဝင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ နွယ်ချိုရဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ဟာ နှင်းခူလက္ခဏာကို လျော့ပါးစေတယ်လို့ သိရပါတယ်။


အစာခြေစနစ် ပြဿနာများ


နွယ်ချိုဟာ အစာခြေစနစ်ပြဿနာတွေနဲ့ အစာခြေစနစ် ရောင်ရမ်းတာ၊ မသက်မသာဖြစ်တာတွေကို သက် သာစေနိုင်ပါတယ်။ နွယ်ချိုရဲ့ ဖလဗိုးနွိုက်ဟာဝေဒနာသက်သာစေတဲ့ အစွမ်းရှိတာကြောင့်အူမကြီးကို ကျန်း မာစေပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။


ရေယုန်


နွယ်ချိုအမြစ်ဟာ ရေယုန်၊ အနာ စတာတွေကို ကုသရာမှာ အသုံူးဝင်ပတါယ်။ လေ့လာမှုအမျိုးမျိုး အရ နွယ် ချိုဟာ ရေယုန်ဗိုင်းရပ်စ်ကြောင့် အနာဖြစ်မှုကို ချိုးနှိမ်ပေးနိုင်တယ်လို့ သိရပါတယ်။


ကိုယ်လေးချိန် လျှော့ချခြင်း


လေ့လာမှုအရ တစ်နေ့ နွယ်ချို အနည်းငယ်စားတာကြောင့် ကိုယ်ခန္ဓာအဆီကို လျော့ကျစေကြောင်းသိရပါ တယ်။ ကိုယ်အလေးချိန် လျော့ကျဖို့ရာအတွက် နွယ်ချိုနဲ့ အတူ မျှတတဲ့ အစာစားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တာတို့ လိုက်နာရင် ကိုယ်တွင်းအဆီကို သိသိသာသာ လျော့ကျစေပါတယ်။


တံတွေးဂလင်း


နွယ်ချိုဟာ တံတွေးဂလင်းဆိုင်ရာ ပြဿနာတို့ကို ကုသဖို့အတွက် ပုံမှန်ဆေးဖက်ဝင်ပစ္စည်းပါ။ နွယ်ချိုဟာ လည်ချောင်းနာတာကို သက်သာစေပြီး တံထွေးတွက်ရှိမှု လျော့နည်းတာကိုလည်း သက်သာစေပါတယ်။


နွယ်ချို၏ ဘေးထွက်ဆိုးကျိုးများ


နွယ်ချိုကို ကြာရှည်စားတာကြောင့် သွေးတိုးတာ၊ သွေးတွင်း ပိုတက်စီယမ် လျော့နားတာ၊ အတွင်းတိမ်ဖြစ် တာနဲ့ ကိုယ်တွင်းအရည်ဆွဲအားများတာတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိသူတွေအနေနဲ့ နွယ်ချိုကို ရှောင် သင့် ပါတယ်။

• သတိပြုရန် •


ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် မိခင်နို့ချိုတိုက်ကျွေးစဉ် နွယ်ချိုမစားပါနဲ့။ အသည်းရောဂါ၊ ကျောက်ကပ်
ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးတာနဲ့ နှလုံးမကောင်းတာတို့ ဖြစ်ရင် နွယ်ချိုကို မစားသင့်ပါ။

★ ကြယ်စင် ★

0 comments:

Post a Comment