Thursday, July 17, 2014

တစ်သျှူးပုပ်ဆွေးမှု မဖြစ်စေမည့် နည်းလမ်းများ


တစ်သျှူးတွေဆီကို သွေးစီးဆင်းမှု အဟန့်အတားရှိတာကြောင့် တစ်သျှူးတွေ ပျက်စီးထိခိုက်တာကို Gangrene လို့ ခေါ်ပါတယ်။ အရေပြား၊ ကြွက်သားနဲ့ အင်္ဂါဆဲလ်တွေက ဘက်တီးရီးယားပိုးဝင်မှု ဒါမှမဟုတ်
သွေးကြောစနစ်ထိခိုက်မှု ဖြစ်စေတဲ့ အခြေခံကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် တစ်သျှူးပုပ်ဆွေးမှု
ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဟာ သွေးထောက်ပံ့မှု ဆုံးရှုံးတဲ့အခါ ဆဲလ်တွေ အသက်မ
ရှင်နိုင်တော့ပါဘူး။ တစ်သျှူးပုပ်ဆွေးမှုကို စောစောစီးစီး ကုသမှုမခံယူရင် မြန်မြန်ကုသမှုမယူရင် ပြင်းထန် တဲ့ နာမကျန်းမှု၊ ပုပ်ဆွေးတဲ့အစိတ်အပိုင်းကို ဖြတ်ပစ်ရတာနဲ့ သေဆုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်သျှူးပုပ်ဆွေးမှုမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းတွေကို ရေးသားလိုက်ရပါတယ်။


(၁) တစ်သျှူးပုပ်ဆွေးမှု ဖြစ်နိုင်ခြေကို ခန့်မှန်းပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ယူပါ

တချို့ကျန်းမာရေးအခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေက တစ်ရှူးပုပ်ဆွေးမှုဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်မားစေပါတယ်။ အဲဒါတွေကတော့-
အသက်အရွယ်ကြီးမြင့်မှု၊
ခွဲစိတ်ကုသမှု၊ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိမှု (မတော်တဆထိခိုက်မှုကြောင့်ပွန်းပဲ့ဒဏ်ရာရတဲ့ အရေပြား အောက်ကတစ်သျှူးဟာ ပုပ်ဆွေးနိုင်ခြေများပါတယ်။)
ဖိနှိပ်ခံရမှု (ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်သုံးပြီး ကုသမှု၊ ကိုယ်ခံစွမ်းအားစနစ် ချို့တဲ့မှု
ဝေဒနာတွေကြောင့် တစ်သျှူးပုပ်ဆွေးနိုင်ခြေများပါတယ်။ အကြောင်းကတော့ ကူးစက်ပိုးဝင်မှုတွေကို တွန်း လှန်ခုခံနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်း လျော့နည်းနေလို့ပါ။)

(၂) ဆီးချိုရောဂါနှင့် သွေးကြောရောဂါရှိလျှင် အထူးဂရုစိုက်ပါ

သွေးတွင်း သကြားဓာတ်မြင့်တက်တာ၊ အင်ဆူလင် ပမာဏ မလုံလောက်တာ၊ သွေးလွှတ်ကြောမာကြော တာနဲ့ သွေးခဲ ပိတ်ဆို့တာတွေကြောင့် သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းမှုကို အဟန့် အတားဖြစ်စေကာ တစ်သျှူး ပုပ်ဆွေးမှု ဖြစ်နိုင်ခြေများပါတယ်။

(၃) ဆေးရွက်ကြီးရှောင်ပါ

ဆေးရွက်ကြီးကို ရေရှည်သုံးစွဲတာကြောင့် သွေးကြောတွေ ထိခိုက်စေနိုင်ပါတယ်။

(၄) အရေပြားကို ကာကွယ်ပါ

အေးစက်လွန်းတာကြောင့် တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ နှင်းကိုက်နာကြောင့် သွေးလှည့်ပတ် စီးဆင်းမှုကို ထိခိုက်စေကာ ကုသမှုမခံယူဘဲနေရင် တစ်သျှူးပုပ်ဆွေးမှု ဖြစ်စေနိုင်ပါတယ်။

(၅) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပြီး ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများလုပ်ဆောင်ပါ

လက်ကို မကြာခဏဆေးကြောတာ၊ အရည်များများသောက်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတာ တို့ကို လိုက်နာပါ။

(၆)  အနာကို သန့်သန့်ရှင်းရှင်းထားပါ

ခွဲစိတ်ဒဏ်ရာ၊ ပြတ်ရှရာ၊ မီးလောင် ဒဏ်ရာ၊ ဓားရှရာ၊ တိရစ္ဆာန်ကိုက်ခံရတဲ့ အနာမှန်သမျှ သေချာသန့်စင်
အောင်ထားပြီး ကုသမှုပြုလုပ်ပါ။ အနာတွေကို အပျော့စားဆပ်ပြာနဲ့ ရေကိုသုံးပြီး သန့်စင်ကာ အနာကျက် တဲ့အထိ ခြောက်သွေ့အောင်ထားပါ။ အနာက နာကျင်နေရင်၊ နီရဲနေရင်၊ ရောင်ရမ်းနေရင်၊ ပြည်စုနေရင်၊ အဖျား ၁၀၀ ဒီဂရီ ဖာရင်ဟိုက်နဲ့အထက် ရှိရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားရောက်ရပါမယ်။

Tips!
ဘက်တီးရီးယားပိုးဝင်မှုကြောင့် ဖြစ်တဲ့ တစ်သျှူးပုပ်ဆွေးမှုကို ကုသနိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေ မရှိမဖြစ် လိုအပ်ပါတယ်။ တိကျတဲ့ ကုသမှုရရှိဖို့ ဆရာဝန်နဲ့ပြပါ။

ကြယ်စင်

0 comments:

Post a Comment