Thursday, July 17, 2014

ဆီးချိုရောဂါရှိသူတို့အတွက် အကောင်းဆုံးနှင့်အဆိုးဆုံး အရည်များ


သင့်မှာ ဆီးချိုရောဂါရှိတဲ့အခါ သင့်တော်တဲ့အရည်ကို ရွေးချယ်သောက်သုံးရပါတယ်။ နေ့စဉ် လူအများစု
သောက်သုံးနေကျ ရေ၊ နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ Diet ဆော်ဒါ၊ ရိုးရိုးဆော်ဒါ၊ သကြားပါတဲ့ သစ်သီး
ဖျော်ရည်နဲ့သစ်သီးဖျော်ရည်စတဲ့ အရည်အမျိုးအစားခုနစ်မျိုးကို မသောက်ခင်မှာ သင့်အတွက် သင့်တော်မှု ရှိ၊ မရှိသိနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။


များများသောက်ပါ ⇛ ရေ


ရေသောက်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါသလား။ ဆီးချိုရောဂါထိန်းချုပ်ရေးဂျာ နယ်မှာ ဖော်ပြထားတဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ တစ်နေ့ရေခြောက်အောင်စအောက် လျော့ နည်းပြီး သောက်သူတွေဟာ ရေများများသောက်သူတွေထက် သွေးတွင်းသကြားဓာတ် ၃ဝ ရာခိုင်နှုန်း ပိုမို
မြင့်တက်နိုင်ကြောင်း သိရပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝဖို့ ထိန်းချုပ်ပေးတဲ့ ဗေဆို ပရက်စင်ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်နေချိန်မှာဗေဆိုပရက်စင်ဟော်မုန်း မြင့် တက်နေပြီး အသည်းကနေ သွေးတွင်းသကြားဓာတ်ကို များများထုတ်လုပ်နိုင်လို့ပါ။

ရေဘယ်လောက်များများသောက်သင့်သလဲ - အမျိုးသမီးတွေက ၆-၉ ခွက်နဲ့အမျိုးသားတွေက အနည်းငယ် ပိုပြီးသောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။


များများသောက်ပါ ⇛ လက်ဖက်ရည်ကြမ်း


အင်တီအောက်ဆီးဒင့်ပါတဲ့ လက်ဖက်စိမ်းနဲ့ လက်ဖက်ရည်ကြမ်းတွေဟာဆီးချိုရောဂါရှိသူတွေအတွက် သင့်
တော်ပါတယ်။ တရုတ်လေ့လာမှုတစ်ရပ်အရလက်ဖက်ရည်ကြမ်းမှာ ပိုလီစက်ခရိုက်အမြင့်ဆုံးပမာဏ ပါဝင် တာကြောင့် သွေးကြောထဲကို သကြားဓာတ်စုပ်ယူမှု နှေးကွေးစေကြောင်းသိရပါတယ်။ လက်ဖက်ရည်ကြမ်း ကို တစ်နေ့ လေးခွက်ခန့်သောက်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၁၆ ရာခိုင်နှုန်း လျော့နည်းစေပါ တယ်။


ဆင်ခြင်ပြီးသောက်ပါ ⇛ Diet ဆော်ဒါ


ကယ်လိုရီမပါတဲ့ ဆော်ဒါအချိုရည်နဲ့ပတ်သက်ပြီး လူတွေကြားမှာ အငြင်းပွားနေကြပါတယ်။ လေ့လာမှု တချို့အရ Diet ဆော်ဒါသောက်သူတွေက မသောက်သူတွေထက် ကိုယ်အလေးချိန်မြင့်တက်မှုရှိကြောင်း၊ တခြားလေ့လာမှုအရ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းပိုများကြောင်း ဆိုထားပါတယ်။ အကြောင်းက
တော့ Diet ဆော်ဒါသောက်ပြီးရင် အချိုစာတွေကို ပိုစားဖြစ်လေ့ရှိတာကြောင့်လို့ ဖြေရှင်းထားပါတယ်။


များများသောက်ပါ ⇛ နွားနို့


နွားနို့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဒီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် လုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့ဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ ကိုယ်အလေးချိန်သွယ်လျချင်သူ ၃၂၂ဦး (တချို့က ဆီးချို
ရောဂါရှိပြီး တချို့ကနှလုံးရောဂါရှိတယ်) တွေကို လေ့လာမှုတစ်ရပ်အရနွားနို့ အများဆုံးသောက်သူတွေဟာ အနည်းဆုံး သောက်သူတွေထက် ကိုယ်အလေးချိန် ငါးပေါင်လျော့ကျကြောင်းသိရပါတယ်။ အဆီနည်းတဲ့ နို့ ဒါမှမဟုတ်အဆီမပါတဲ့ နို့ကို ဆီးချိုရောဂါရှိသူတွေ သောက်နိုင်ပါတယ်။ တစ်နေ့တာ ကျန်းမာရေးနဲ့ညီညွတ် တဲ့ အာဟာရထဲ နွားနို့ထည့်တာကြောင့် သွေးဖိအားကို ၃-၅ မှတ်ခန့် လျော့ကျစေပါတယ်။


ဆင်ခြင်ပြီးသောက်ပါ ⇛ ကော်ဖီ


ကော်ဖီသောက်သူတွေက ဆီးချိုရောဂါဖြစ်နိုင်ခြေ လျော့နည်းတယ်လို့လေ့လာမှုတချို့က ဆိုထားပေမယ့် ဆီးချိုရှိပြီးသူတွေမှာ ကော်ဖီဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတယ်လို့ တခြား သုတေသနတွေ က ဖော်ပြထားပါတယ်။ သကြား၊ ချိုတဲ့ Creamen၊ အဆီများတဲ့ နို့ စတာတွေ ပါဝင်တာကြောင့်သွေးတွင်း သကြားဓာတ်နဲ့ ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာပါ။


လျှော့သောက်ပါ⇛ ဆော်ဒါနှင့်သကြားပါသော သစ်သီးဖျော်ရည်


သစ်သီးဖျော်ရည်၊ အချိုရည် ၁၂ အောင်စမှာ သကြား လက်ဖက်စားဇွန်း ၁ဝ ဇွန်းပါတိုင်း သွေးတွင်းသကြား ဓာတ်မြင့်တက်ပြီး ကိုယ်အလေးချိန်များတာ၊ သွေးပေါင်တက်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါ အန္တရာယ်
တွေကို တိုးမြင့်စေနိုင်ပါတယ်။ တစ်နေ့မှာ သကြားပါတဲ့ အချိုရည်တစ်ခွက်သောက်ရင် တစ်နှစ်မှာကိုယ် အလေးချိန် ၁၅ ပေါင်တိုးနိုင်ပါတယ်။ သကြားပါတဲ့ ဖျော်ရည်တွေဟာဗိုက်အဆီများစေနိုင်ပြီး ရောင်ရမ်းမှု တိုးကာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။


လျှော့သောက်ပါ ⇛ သစ်သီးအချိုရည်


နေ့စဉ် သစ်သီးရနံ့ပါတဲ့ အချိုရည်ကိုသောက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးစေ ပါတယ်။ သစ်သီးအချိုရည် လေးအောင်စမှာ ၅၆ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ၁၂ ဂရမ်တို့ပါဝင်နေတာ
ကြောင့် သစ်သီးအချိုရည်အစား သစ်သီး ဒါမှမဟုတ် ဆိုဒီယမ်နည်းတဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်တို့ကို အစားထိုးသောက်ပါ။ သွေးတွင်း သကြားဓာတ်က ပုံမှန်ရှိနေရင်သစ်သီးဖျော်ရည် အနည်းငယ်ကိုသောက် နိုင်ပါတယ်။


ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment