Tuesday, July 22, 2014

လျစ်လျူ ရှုမထားသင့်တဲ့ သင့်ရဲ့လက်သည်းပြောင်းလဲမှုများ

သင့်ရဲ့လက်သည်းပုံမှန်မဟုတ်ပဲ အရောင် သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုရှိလာပြီဆိုရင် သင့်အနေနဲ့ထိုင်မနေသင့်ပါဘူး။ အဲဒီပြောင်းလဲမှုတွေဟာ သင်မမြင်နိုင်တဲ့ရောဂါဝေဒနာရဲ့ လက္ခဏာတွေပဲ ဖြစ်ကြောင်းသတိပေးချင်ပါတယ်။ အောက်မှဖော်ပြထားတဲ့ပြောင်းလဲမှုတွေကို လေ့လာပြီး ဆိုးရွားတဲ့ရောဂါဝေဒနာမခံစားမီ အချိန်မှီဆရာဝန်နဲ့တိုင်ပင်ခြင်းများပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
မဲနေတဲ့လက်သည်းများ
လက်သည်းတစ်လျှောက်အနက်ရောင်အတန်းလေးရှိလာပြီဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခုပဲရှိပါတယ်။ သင် အရေပြားကင်ဆာ ခံစားနေတာသေချာသလောက်ရှိပါတယ်။ ပြီးတော့ တချို့အချိန်တွေမှာ လက်သည်းမှိုရောဂါကူးစပ်ခံထားတယ်ဆိုရင်တော့ မီးခိုးရောင် သို့မဟုတ် စိမ်းနက်ရောင်မှား ပေါ်လာတတ်ပါတယ်။
အပြာရောင်အဖြစ်ပြောင်းလဲနေတဲ့လက်သည်းများ
သင့်လက်ချောင်းထိပ်ကို သွေးကနေအောက်ဆီဂျင်လုံလုံလောက်လောက် မပို့ပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လက်သွေးလည်ပတ်မှု စနစ်မကျခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် သွေးလွှတ်ထုတ်ပေးတဲ့ နှလုံးမှာ ရောဂါတစ်ခုခုရှိနေတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။
ဖြူနေတဲ့လက်သည်းများ
အကြောင်းပြချက်အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် အဆိုးရွားဆုံးတစ်ခုကတော့ အသည်းရောဂါပဲဖြစ်ပါတယ်။ ဖြစ်နိုင်ချေရောဂါတွေများတဲ့အတွက် အဖြူကွက်လက်သည်းမှာတွေ့ပြီဆိုရင်တော့ အမြန်ဆုံးဆရာဝန်ဆီပြသင့်ပါတယ်။
လက်သည်း အထပ်ကွာပြီးပါးလာခြင်း
သင့်လက်သည်းဟာ အထပ်လိုက်ကွဲပြီး ခွာချလို့ရတဲ့အထိ အပ်လာပြီး တဖြေးဖြေးပါးလာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် သင် သံဓါတ်နည်းနေတာပဲဖြစ်ပါတယ်။
လက်သည်းတွေကျိုးလွယ်ခြင်း
သင့်လက်သည်းတွေဟာ မာတောင့်နေပေမယ့် ကျိုးလွယ်တယ်ဆိုရင်တော့ ခြောက်သွေ့တဲ့လက္ခဏာပဲဖြစ်ပါတယ်။
လက်သည်းအလယ်အောက်ကနေ အက်ကြောင်းရှိခြင်း
လက်သည်းအောက်ကနေ မှိုရောဂါကူးစက်ခံရခြင်းကြောင်းဖြစ်ပြီး ကိုယ်တိုင်ဆေးကုခြင်းမလုပ်ပဲနဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
လက်သည်းအစအရေပြားဖုန်းထားတဲ့နေရာ ချပ်ပြားနေခြင်း
လက်သည်းအခွံအခွက်ပုံစံမဟုတ်ပဲ ပြားနေတယ်ဆိုရင်တော့ သွေးမှအောက်ဆီဂျင်ထုတ်လွှတ်နှုန်းနည်းတဲ့
အတွက် ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ချေရှိပါတယ်။
သေးငယ်တဲ့အစက်အပျောက်ရှိနေခြင်း
အထဲမှာရှိတဲ့အရေပြားရောဂါကြောင့်ဖြစ်တဲ့အတွက် သတိထားသင့်ပါတယ်။ ကြာရှည်ယောင်ယမ်းခြင်းကြောင့် ဆိုးရွားတဲ့နှလုံးရောဂါဝေဒနာခံစားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
Ref: dailymakeover.com

0 comments:

Post a Comment