Thursday, July 17, 2014

အိပ်မက်ဆိုးမှ နိုးထနိုင်အောင်


အိပ်မက်မက်ရတာက ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အိပ်မက်ဆိုးတွေ မက်ရင်တော့ ထိတ်လန့်
ချောက်ချားဖွယ်ရာပါပဲ။ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေကြောင့် အော်ဟစ်ရင်း လန့်နိုးလာရင်၊
နိုးလာချိန်အထိ ရင်တုန်ရတာ၊ ၀မ်းနည်းရတာတွေတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အိပ်မက်ဆိုး
တွေကနေ နိုးထနိုင်ဖို့ရာအတွက် သင်ပြုလုပ်နိုင်တဲ့ အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။


အဆင့် (၁) ပျော်ရွှင်ရာ နေရာတစ်ခုကို ရှာပါ

စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာကိစ္စတွေရှိနေရင် တိတ်ဆိတ်အေးချမ်းပြီး အပန်းပြေဖွယ်ရာ နေရာတစ်ခုကို ရှာပြီး နေထိုင်ပါ။ အဲဒီနေရာမှာ ညကမက်ခဲ့တဲ့ အိပ်မက်ဆိုးအကြောင်း ပြန်စဉ်းစားလိုက်ပါ။ ပြီးရင် အိပ်မက် ထဲမှာ အခုရှိနေတဲ့ ပျော်ရွှင်ဖွယ်ရာနေရာကို ထည့်သွင်းမယ်သလို စဉ်းစားကာ အေးချမ်းမှုရှာပါ။

အဆင့် (၂) ပျော်ရွှင်စေသည့် အတွေးများတွေးပါ

အိပ်ရာမ၀င်ခင်မှာ သင့်အတွက် အလွန်ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အရာတွေကို စဉ်းစားပါ။ ဥပမာ - တိမ်ပေါ်မှာ ၀ဲပျံနေရသလိုမျိုးပေါ့။ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အရာတစ်ခုခုကို စဉ်းစားပြီး အဆိုးမြင် အတွေးတွေကို ပျောက်ကွယ်သွားအောင် ကြိုးစားလိုက်ပါ။

အဆင့် (၃) သင့်အိပ်မက်အကြောင်း ပြောပြပါ

သင်ယုံကြည်ရတဲ့သူကို သင့်အိပ်မက်အကြောင်း ရှင်းပြပါ။ သင့်အိပ်မက်ရဲ့ ကြောက်စရာကောင်းပုံနဲ့ သင့် ခံစားချက်တွေကို ရင်ဖွင့်ပြောပြလိုက်ရုံနဲ့ သင့်စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာမှာပါ။ အိပ်မက်ဆိုး ကိုလည်း အလွယ်တကူ မေ့သွားပါလိမ့်မယ်။


အဆင့် (၄) အိပ်မက်ဆိုးကို လွှမ်းမိုးနိုင်အောင် ကြိုးစားပါ

ညတိုင်း အိပ်မက်ဆိုးမက်မှာ စိုးလို့ အိပ်ရမှာတောင်စိုးရွံ့နေသူ မဖြစ်ပါစေနဲ့။ သင့်ကို ခြောက်လှန့်နေတဲ့ အရာ၊ သင်ကြောက်လန့်နေတဲ့ အရာတွေကို သိနားလည်ပြီး အဲဒီအကြောက်တရားကို ဖယ်ရှားနိုင်အောင် ကြိုးစားပါ။ များများ အနားယူပြီး ကိုယ်ပိုင်အချိန်ပေးပါ။

အဆင့် (၅) တရားထိုင်ပါ

အိပ်မက်ဆိုးကြောင့် ချောက်ချားနေရင် တရားထိုင်တဲ့နည်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တာ အကောင်းဆုံးဖြစ် ပါတယ်။ စိတ်ပူပင်သောကတွေ လျော့ပါးသွားတာနဲ့ ပျော်ရွှင်ဖွယ်ရာ အိပ်မက်တွေ မက်လာပါလိ့မ်မယ်။

Tips !
♦ အိပ်ရာမ၀င်ခင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဇာတ်လမ်းတွေ၊ အကြမ်းဖက်တဲ့ သတင်းတွေကို မကြည့်ပါနဲ့။
♦ အိပ်ရာမ၀င်ခင် ကြောက်လန့်ဖွယ်ရာ ရုပ်ပုံတွေကိုမကြည့်ပါနဲ့၊ သတင်းဆိုးတွေကို နားမထောင်ပါနဲ့။

သတိပြု၇န်

အိပ်မက်ဆိုးကြောင့် ညစဉ်အိပ်ရေးပျက်ပြီး ထိတ်လန့် ချောက်ချားနေရင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန် နဲ့ တွေ့ဆုံဆွေးနွေးသင့်နေပါပြီ။

ဇွန်

0 comments:

Post a Comment