Thursday, July 17, 2014

ကမ္ဘာတစ်ဝန်းတွင် အသုံးပြုကြသော အရက်နာကျခြင်းအတွက် ကုထုံးများ


အရက်ကို သတ်မှတ်ထားတဲ့ တစ်နေ့တာသောက်သုံးနိုင်တဲ့ ပမာဏထက်ပိုသောက်မိရင် အရက်နာကျ တဲ့ ဝေဒနာဖြစ်တတ်ပါတယ်။ အရက်နာကျတဲ့ ဝေဒနာဖြစ်တဲ့အခါ ကမ္ဘာတစ်ဝန်းလုံးမှာ ကုလေ့ရှိတဲ့နည်း
တွေကို ဖော်ပြပေးလိုက်ပါတယ်


ပိုလန်နိုင်ငံ၏ ကုထုံး

ရှလကာရည်ခတ်ထားသည့်အရည်သောက်ခြင်း


ရှလကာရည်ခတ်ထားတဲ့ ဟင်းသီးဟင်းရွက်အချဉ်ရည်ကို သောက်တာကြောင့် အရက်နာကျချိန် ခံစားရတဲ့
ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီးဝေဒနာ မသက်မသာဖြစ်တာကို လျော့ပါးစေကြောင်း၊ ဒိန်ချဉ်၊ နို့ချဉ်
သောက်ရင်လည်း ဝေဒနာသက်သာစေတယ်လို့ပိုလန်နိုင်ငံသားတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံ၏ ကုထုံး

ဆီး(ဇီး)သီးချဉ်အနည်းငယ် စားခြင်း

ဂျပန်လူမျိုးအများစုက အရက်နာကျဝေဒနာခံစားရချိန်မှာ ဆားခတ်ပြီးအချဉ်တည်ထားတဲ့ ဆီး(ဇီး)သီးချဉ် ကိုစားပေးရင် သက်သာတယ်လို့ ဆိုပါတယ်။ ဆီး(ဇီး)သီးချဉ်က အသည်းလုပ်ငန်းဆောင်တာကို တိုးတက်
စေပြီး အစာကြေအောင် ကူညီပေးပါတယ်။

အင်္ဂလန်၊ ဝေလနယ်နှင့်စကော့တလန်နိုင်ငံ၏ ကုထုံး

Milk Thistle ဆေး မှီဝဲခြင်း



Milk Thistle ရဲ့ အသည်းအဆိပ်ဖယ်ရှားနိုင်စွမ်းကို လေ့လာမှုအမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။ Milk Thistle မှာ
ဆလီမာရင်ဆိုတဲ့ ဖလေဗိုးနွိက်တစ်မျိုးပါဝင်တာကြောင့် အရက်နာကျဝေဒနာကို သက်သာစေကြောင်း သိ ရပါတယ်။ ဗြိတိန်လူမျိုးတွေက အရက်အလွန်အမင်းသောက်ပြီး နံနက်ခင်းနဲ့ ညဘက်မှာMilk Thistle ဆေး ကို မှီဝဲတာကြောင့်အရက်နာကျဝေဒနာ သက်သာစေတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ၏ ကုထုံး

ချင်း(ဂျင်း)ဖျော်ရည် သောက်ခြင်း

ကနေဒါလူမျိုးတွေက အရက်နာကျတဲ့အခါ ဝမ်းဗိုက်မအီမသာဖြစ်တတ်တဲ့အတွက် ချင်းက အသုံးဝင်တယ် လို့ ဆိုပါတယ်။ ကနေဒါထုတ် ချင်းအခြောက်မှုန့်ရည်ကို သောက်တာကြောင့် အရက်နာကျဝေဒနာကို သက် သာစေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ၏ ကုထုံး

ခရမ်းချဉ်သီးဖျော်ရည် သောက်ခြင်း
 
ခရမ်းချဉ်သီးဖျော်ရည်မှာ လိုင်ကိုပင်းပါဝင်မှု မြင့်မားပြီး တရုတ်နံနံမှာ နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဗီ တာမင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ အရက်နာကျဝေဒနာခံစားရချိန်မှာ တရုတ်နံနံပင်ခတ်ထား တဲ့ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးရင် ဝေဒနာသက်သာစေတယ်လို့ အမေရိကန်နိုင်ငံသားတို့က ဆိုပါ တယ်။

★ ကြယ်စင် ★

0 comments:

Post a Comment