Thursday, July 17, 2014

နေထိုင်စားသောက်မှုပုံစံ မှန်ကန်သော်လည်း လိုချင်သော ခန္ဓာကိုယ်အချိုးအစား မရှိရခြင်း အကြောင်းရင်းလေးရပ်


စားသောက်တဲ့ အစာကလည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားဖြည့်ဆေးကို ပုံမှန်မှီဝဲနေတယ်၊ အားကစား ခန်းမမှာ လေ့ကျင့်တာ ခြောက်လလောက်ရှိပြီ.. ဒါပေမဲ့ သင်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားက ရမလာ
သေးဘူး။  ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းလေးရပ်ရှိပါတယ်။


(၁) ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်း

ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမ
ကောင်းတာက စိတ်ဖိစီးမှုထက် ခန္ဓာကိုယ်အနေအထားအပေါ် ပိုဆိုးပါတယ်။ မိဘတွေ၊ ယောက္ခမတွေနဲ့ အဆင်မပြေတာ၊ အလုပ်ရှင်ရဲ့ ဆူပူကြိမ်းမောင်းမှုခံရတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်တာ၊ သူငယ် ချင်းတွေရဲ့လှောင်ပြောင်မှု ခံရတာတွေကြောင့် အဆီပိုတွေ၊ အထူးသဖြင့် ဝမ်းဗိုက်ပတ်ဝန်းကျင်မှာ အဆီ
တွေရှိနေတတ်ပါတယ်။ မကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့ ခက်ပါတယ်။ တချို့ အခြေအနေတွေဆိုရင် လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကို ပြင်ဆင်ပြီး အဆင်ပြေတဲ့သူတွေနဲ့ သာ ရွေးချယ်ပေါင်းသင်းပါ။


(၂) အချို့သောအစာများနှင့် မတည့်ခြင်း

သင်ဟာ ဥအမျိုးမျိုး၊ အခွံမာတဲ့ အစေ့အဆံ၊ ပင်လယ်စာစတဲ့ အစာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်လွယ်ပေ
မယ့် အဆီတွေက လျော့ကျတာမျိုးမရှိရင် ကိုယ်တွင်းရောင်ရမ်းမှုကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းရောင်
ရမ်းမှုကြောင့် ကိုယ်တွင်းစနစ်တွေဟာ ချောချောမွေ့မွေ့မရှိတော့ဘဲ အဆီမကျနိုင် ဖြစ်နေရတာပါ။ အစာနဲ့ ဓာတ်မတည့်မှု ဖြစ်လေ့ရှိတဲ့ လူအများစုဟာ ဥအမျိုးမျိုး၊ အခွံမာတဲ့ အစေ့အဆံ၊ ပဲပိစပ်၊ ဂျုံ၊ နို့နဲ့ နို့ထွက် ပစ္စည်း၊ ပင်လယ်စာစတာတွေကြောင့် အဖြစ်များပါတယ်။ ကိုယ်နဲ့မတည့်တဲ့ အစာကို သတိထားပြီး ရှောင် ရှားကာ အဆီကျလေ့ကျင့်ခန်းကို စတင်လိုက်ပါ။

(၃) လေထုညစ်ညမ်းမှုဒဏ် ခံရခြင်း

ပတ်ဝန်းကျင် အဆိပ်အတောက်တွေဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ စီးကရက် မီးခိုး၊ အလှကုန်ပစ္စည်း၊ သွားဖာ တဲ့သတ္တု၊ ဆရာဝန်ညွှန်းတဲ့ ဆေးဝါးတွေနဲ့ တချို့ ငါးထဲကပြဒါးဓာတ်တွေဟာ ကိုယ်တွင်းမှာ အဆီစုပုံမှု ဖြစ်
စေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ရင်း သွေးလှည့်ပတ်မှုစနစ်ကို လည် ပတ်စေတဲ့နည်းနဲ့ အဆီဆဲလ်ထဲက အဆိပ်တွေကို စွန့်ထုတ်လိုက်ပါ။


(၄) လေ့ကျင့်ခန်းကို ကြိုးစားပြီး ပြုလုပ်မှုမရှိခြင်း

ဖုန်းပြောရင်း၊ မဂ္ဂဇင်းစာအုပ်ဖတ်ရင်း ပြေးစက်ပေါ်မှာ လေ့ကျင့်ခန်းလုပ်နေပါသလား။ ခန္ဓာကိုယ်အတွက်
သက်သောင့်သက်သာရှိတဲ့ လေ့ကျင့်ခန်းကိုပဲ နေ့စဉ်ပျင်းရိပျင်းတွဲ လေ့ကျင့်နေပါသလား။ ဒါဆိုရင် သင်လို ချင်တဲ့ ခန္ဓာကိုယ် အချိုးအစားရနိုင်ဖို့ မလွယ်ပါဘူး။ လေ့ကျင့်ခန်းကို စနစ်တကျနဲ့ နည်းလမ်းမှန်မှန် အား ထုတ်ပြီးပြုလုပ်မှသာ စမတ်ကျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

★ ကြယ်စင် ★

0 comments:

Post a Comment