Tuesday, July 15, 2014

အစာခြေလမ်းကြောင်း ကျန်းမာစေမည့် စားသောက် မှုပုံစံ


သင်အစာစားတဲ့ပုံစံနဲ့ သင်ရွေးချယ်တဲ့ အစားအသောက်တွေဟာ အစာခြေလမ်းကြောင်း စနစ်အပေါ် သက်
ရောက်မှုရှိပါတယ်။ အဆင်သင့်အစာ၊ အမြန်စာနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာတွေကို စားတာ
ကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေပြီး လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်
တွေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကိုစားတာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။


အမျှင်ဓာတ်များများစားပါ။ အမျှင်ဓာတ်ပါတဲ့သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့အခွံချွတ်မထားတဲ့ ကောက် နှံစာတို့ကို စားရင် အစာခြေလမ်းကြောင်းကိုကျန်းမာစေပါတယ်။

တစ်ပတ်မှာ အနည်းဆုံး ၃-၅ ကြိမ် ငါးစားပါ။

အဆီနည်းအသားကို ရွေးချယ်စားသုံးပါ။ အသားတွေကို အရေခွံခွာပြီးမှ စားသင့်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် ကြိုးစားပါ။ ရေကိုပုံမှန်သောက်ရပါမယ်။

အဆီများတဲ့၊ ပြုပြင်ထားတဲ့ ဆီကြော်စာတွေကိုရှောင်ပါ။

တစ်ထိုင်တည်းနဲ့ အစာအများကြီးကို အလွန်အကြူး မစားသင့်ပါဘူး။ တစ်နေ့တာလုံး အစာကိုနည်းနည်းနဲ့ မကြာခဏ စားသင့်ပါတယ်။

★ ကြယ်စင် ★

0 comments:

Post a Comment