Thursday, July 17, 2014

အာရုံစူးစိုက်မှု ချို့တဲ့သော ရောဂါကို ထိန်းချုပ်နိုင်မည့် အစာ သုံးမျိုး


ကလေးတွေမှာ အဓိကဖြစ်ပွားပြီးရောဂါလက္ခဏာတွေအနေနဲ့ အငြိမ်မနေတာ၊ စိတ်အာရုံစူးစိုက်နိုင်မှု အား နည်းတာတွေ ဖြစ်တတ်ပါတယ်။ အကျိုးဆက်အနေနဲ့ စာသင်ကြားရခက်ခဲတတ်ပါတယ်။



(၁) ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝသော အစာများ

ကလေးငယ်ကို ကျွေးတဲ့ အစာထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစာတွေ အပြည့်ပါရင် အာရုံ စူးစိုက်မှု ချို့တဲ့တဲ့ ရောဂါလက္ခဏာတချို့ကိုလျော့ကျစေပြီး သွေးတွင်း သကြားဓာတ်ကိုလည်း တည်ငြိမ်စေ ပါတယ်။ ကလေးရဲ့ ပန်းကန် တစ်ဝက်မှာ ရောင်စုံဟင်းသီးဟင်းရွက်တွေ ပါသင့်ပြီး လေးပုံတစ်ပုံကအဆီ နည်းကြက်သားလို ပရိုတင်းနဲ့ ကျန်တဲ့ လေးပုံတစ်ပုံက ဆန်လုံးညိုလို အခွံချွတ်မထားတဲ့ ကောက်နှံစာတွေ
ဖြစ်သင့်ပါတယ်။

(၂) သံဓာတ်ပေါများသော အစာများ

သံဓာတ်ဟာ ဒိုပါမင်းဓာတ် ဟန်ချက်ညီမျှစေတဲ့ အစာဖြစ်ပြီး သံဓာတ် ချို့တဲ့ရင် အာရုံစူးစိုက်မှု၊ အာရုံစိုက် နိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတို့ လျော့ကျစေပါတယ်။ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ကလေးတွေကို လေ့ လာမှုအရ သံဓာတ်ချို့တဲ့မှု သိသိသာသာ ရှိနေကြောင်း တွေ့ရပါတယ်။ ကလေးတွေဟာ တစ်နေ့သံဓာတ် ၁ဝ မီလီဂရမ်လောက် မှီဝဲသင့်တာကြောင့် အဆီနည်း အမဲသား၊ ရွှေဖရုံစေ့ စတာတွေ ကျွေးပါ။

(၃) အိုမီဂါ ၃ ဖက်တီးအက်စစ်များသော အစာများ


အိုမီဂါ ၃ ဖက်တီးအက်စစ် ချို့တဲ့တာကြောင့် ကလေးတွေမှာ ဖွံ့ဖြိုးမှုနဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရတတ် ပါတယ်။ အာရုံစူးစိုက်မှု ချို့တဲ့တဲ့ ကလေးတွေဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့နည်းနေတတ်တယ်လို့
လေ့လာမှုတွေက ဆိုပါတယ်။ ကလေးကို အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့ ငါး၊ ဥအမျိုးမျိုးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေကျွေးရပါမယ်။

ဇွန်

0 comments:

Post a Comment