Thursday, July 17, 2014

အသားအရေတင်းရင်းလှပမှုအတွက် အထောက်အပံ့ပေးသော အိပ်ရေးဝစေမည့်နည်းများ


မိန်းကလေးတွေအနေနဲ့ ပင်ကို အလှအပပေါ်လွင်စေဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ပေးဖို့ လိုအပ်ပါတယ်။
အိပ်ရေးဝတာက အသားအရေကို ပြည့်တင်းစေပြီး စိတ်ကို လန်းဆန်းရွှင်ပျစေပါတယ်။



၁) တေးသီချင်း နားဆင်ပါ

အိပ်ရာဝင်ခါနီးမှာ ချိုသာငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို နားဆင်ပေးရင်အလွယ်တကူ အိပ်မောကျစေ သလို အိပ်မက်ဆိုးမက်တာကိုလည်း ကင်းဝေးစေပါတယ်။

၂) လုံးဝ အမှောင်ချပြီး အိပ်ပါ

အခန်းမီးအားလုံးပိတ်ပြီး အထူးသဖြင့် လုံးဝ (လုံးဝ) မှောင်နေတဲ့ အခန်းထဲမှာ အိပ်ပါ။ ဒါမှသာ နှစ်နှစ်ခြိုက်
ခြိုက်အိပ်မောကျပြီး ကြည်ကြည်လင်လင်နိုးထနိုင်မှာဖြစ်ပါတယ်။

၃) အိပ်ရာမဝင်ခင် သရေစာ မစားပါနှင့်

အိပ်ရာမဝင်ခင်မှာ ဆားပါတဲ့ သရေစာတွေနဲ့ သကြားကို လုံးဝမစားသင့်ပါ။ ဒါတွေက မျက်လုံးတွေကို မို့ အစ်စေပါတယ်။ အိပ်ရာ မဝင်ခင် ဗိုက်ဆာနေရင်သကြားမပါတဲ့ နွားနို့တစ်ခွက်နဲ့ ခရက်ကာမုန့်စားပါ။

၎) ကျယ်လောင်ဆူညံသော နာရီနိုးစက်သံကို မပေးပါနှင့်

နံနက်ခင်းမှာ လန်းလန်းဆန်းဆန်းမနိုးထနိုင်လောက်အောင် ဆူညံပြင်းထန်တဲ့ နိုးစက်နာရီသံကို မပေးထား ပါနဲ့။ နံနက်မှာ အိပ်ရေးဝဝ နိုးထလာနိုင်အောင်ညမှာ စောစော အိပ်ရာဝင်ပါ။

၅) အိပ်ခန်းကို အေးမြအောင်ထားပါ

အိပ်ခန်းအပူချိန်ကို ၇ဝ ဒီဂရီဖာရင်ဟိုက်ထက် မကျော်ပါစေနဲ့။ လူအများစုဟာ ထပ်ခိုးလို အခန်းကျဉ်းထဲမှာ အိပ်ခန်းကို ပြင်ဆင်ထားတတ်ပြီး ပူအိုက်ကာကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။

၆) ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ပါ

ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ ညဘက်မှာ အိပ်ရေးပျက်စေတာ ကြောင့် ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

၇) အိပ်ရာမဝင်မီ အချိန်နှစ်နာရီ အတွင်းဘာအရည်မှ များများ မသောက်ပါနှင့်

အိပ်ရာမဝင်ခင် ရေနဲ့ တခြားဖျော်ရည်တွေကို များများ မသောက်ပါနဲ့။ အရက်ကို တော့ လုံးဝမသောက်သင့် ပါ။ အရက်သောက်လိုက်ရင် အိပ်ချင်စိတ်ပေါ်လာပေမယ့် ခဏပဲ အိပ်ပျော်ပြီးသန်းခေါင်ယံအချိန်မှာ လန့်နိုး လာကာ အိပ်မပျော်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။

၈) အိပ်ရာထက်မှ တီဗီမကြည့်ပါနှင့်

မအိပ်ခင် တီဗီကြည့်တာက စိတ်ကို လှုပ်ရှားအောင် လှုံ့ဆော်ပေးနိုင်ပြီး တော်တော်နဲ့ အိပ်မပျော်တာမျိုး
ဖြစ်စေနိုင်ပါတယ်။

၉) ဆေးဝါးများကို ညဘက်မှာချည်း စုမသောက်ပါနှင့်

ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ညဘက်မှာ စုပြီး မှီဝဲရင် အိပ်ရေးပျက်တာမျိုးဖြစ်စေနိုင်ပါတယ်။

၁ဝ) ကြက်သီးနွေးရေချိုးပေးပါ

ညဘက်ကောင်းကောင်း အိပ်မောကျနိုင်အောင် ကြက်သီးနွေးရေနဲ့ ရေချိုးပြီး သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပေးပါ။

ဇွန်

0 comments:

Post a Comment