Thursday, July 17, 2014

အိုမင်းမှုကို ဟန့်တားပေးနိုင်သော ဖျော်ရည်များ


အိုမင်းမှုဆိုတာ မလွှဲရှောင်သာ ကြုံတွေ့ရမယ့် အရာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေအသက်ဘယ်လောက် ရှည်ရှည်နေရမလဲဆိုတာ ပြောင်းလဲမှုတွေတော့ ရှိပါတယ်။ အသက်ရှည်စေတဲ့ အကြောင်းတရားတွေထဲမှာ အစားအသောက်ရွေးချယ်ပုံ မှန်ကုန်မှုကလည်း ပါဝင်နေပါတယ်။

(၁) အသားအရ ချောမွေ့စေရန်

- ပန်းရောင် ဂရိတ်ဖရုဖျော်ရည် သောက်ပါ

ပန်းရောင် ဂရိတ်ဖရုသီးဖျော်ရည်မှာ လိုင်ကိုပင်းဓာတ် ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေ
ကြောင်း ဥရောပဂျာနယ် လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လူ ၂၀ ဦးကို လေ့လာမှုအရ အရေပြားမှာ လိုင်ကိုပင်းပမာဏများများပါဝင်လေလေ၊ အသားအရေ ပိုမိုချောမွေ့လေဖြစ်ကြောင်း သိရပါတယ်။

(၂) အယ်လ်ဇိုင်းမားရောဂါကို တွန်းလှန်နိုင်စေရန်

- ၀ိုင်သောက်ပါ

အယ်လ်ကိုဟောကို အသင့်အတင့်သောက်တာက သူငယ်ပြန်မှတ်ဥာဏ်ချို့တဲ့တဲ့ ဝေဒနာနဲ့ အယ်ဇိုင်းမား
ရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အသင့်အတင့်ဆိုတာ အမျိုးသမီးဆိုရင် တစ်နေ့ဝိုင်တစ်ခွက်၊ အမျိုးသားဆိုရင် တစ်နေ့ဝိုင်နှစ်ခွက်ကို ဆိုလိုတာပါ။ အသက်ကြီးလာတဲ့အခါ ဦးနှောက်ဆဲလ်တွေ သေဆုံး သွားပြီး ဦးနှောက်ထဲရှိ နာ့ဗ်ကြောဆက်သွယ်မှု နှေးကွေးသွားပါတယ်။ ၀ိုင်နီကို အသင့်အတင့်သောက်တာ
ကြောင့် ဒီလိုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အယ်လ်ကိုဟော ပမာဏများရင် ဦးနှောက်ဆဲလ်တွေကို
သေစေနိုင်ပြီး ဦးနှောက်ထိခိုက်မှုဖြစ်ကာ မှတ်ဥာဏ်ဆုံးရှုံးသွားနိုင်ပါတယ်။

(၃) နှလုံးကျန်းမာစေရန်

- ကိုကိုးဖျော်ရည် သောက်ပါ

ကျွန်းပေါ်မှာ နေထိုင်တဲ့ ကူနားလူမျိုးတွေဟာ ပနားမားလူမျိုးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေကိုးဆ ပိုလျော့နည်းပါတယ်။ အကြောင်းကတော့ ကူနားလူမျိုးတွေက ကိုကိုးဖျော်ရည်ကို သောက်သုံးမှုများလို့ပါ။ ကိုကိုးမှာ ပါဝင်တဲ့ ဖလေဗနောဟာ သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာကို ကျန်းမာစေပါတယ်။
သွေးကြောတွေ ကျန်းမာတာကြောင့်သွေးတိုးရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သူငယ်ပြန်အတိတ်မေ့ဝေဒနာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၄) သူငယ်ပြန် အတိတ်မေ့ဝေဒနာကို တွန်းလှန်နိုင်စေရန်

- မုန်လာဥနီ (Beet) ဖျော်ရည်သောက်ပါ

မုန်လာဥနီမှာ ပါဝင်တဲ့ နိုက်ထရိတ်ဟာ တခြားပြုပြင်ထားတဲ့ အစာတွေမှာပါတဲ့ နိုက်ထရိတ်နဲ့မတူဘဲ အကျိုးရှိပါတယ်။ ၂၀၁၁ လေ့လာမှုတစ်ရပ်အရ နိုက်ထရိတ်ပေါများတဲ့ အစာစားတဲ့ အသက်ကြီးသူတွေဟာ ဦးနှောက်ရဲ့ Frontal Lobe ထဲမှာ သွေးစီးဆင်းမှုကောင်းစေကြောင်း သိရပါတယ်။ ဒီအစိတ်အပိုင်းမှာ သွေး စီးဆင်းမှုမကောင်းတာက အသက်ကြီးတာနဲ့ ဆက်စပ်တဲ့ မှတ်ဥာဏ်လျော့ကျမှုကို ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီမှာပါတဲ့ နိုက်ထရိတ်ဟာ သွေးကြောတွေကို ပျော့ပျောင်းစေပြီး ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို
ကောင်းမွန်စေပါတယ်။ ဂေါ်ဖီထုပ်မှာလည်း နိုက်ထရိတ်ပါဝင်ပါတယ်။

(၅) ရောင်ရမ်မှုကို တွန်းလှန်နိုင်စေရန်

- လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်းလက်ဖက်ရည်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ရောင်ရမ်းမှုကို တွန်း လှန်နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုဖြစ်ရင် အမျိုးအစား(၂) ဆီးချိုရောဂါ၊ ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ် မှာပါတဲ့ ဆဲလ်တွေ ဖောက်ပြန်ကာ ကိုယ်တွင်းစနစ်ကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disease) နဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ လေဖြစ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ စိတ်ဖိစီး မှုကို ဟန့်တားနိုင်ပြီး စိတ်ဖိစီးမှုကြောင့် ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၆) အသားအရေတင်းရင်းပြီး အရေးကြောင်းလျော့နည်းစေရန်

- ပဲနို့သောက်ပါ

ပဲနို့မှာပါဝင်တဲ့ အိုင်ဆိုဖလေဗုန်းဟာ အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိန်းသိမ်းပေးပါတယ်။ အမေရိကန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ အိုင်ဆိုဗလေဗုန်းမှီဝဲတဲ့ ကြွက်တွေဟာ ခရမ်းလွန်ရောင်
ခြည်နဲ့ ထိတွေ့ပြီးချိန်မှာ မမှီဝဲတဲ့ကြွက်တွေထက် အရေးကြောင်း ဖြစ်နှုန်းလျော့နည်းပြီး အသားအရေ ပိုမိုချောမွေ့ကြကြောင်း သိရပါတယ်။

(၇) ကြွက်သားထုထည်သန်စွမ်းပြီး ကျစ်လျစ်စေရန်

- နွားနို့သောက်ပါ

အသက် ၃၀ အရွက်ကစပြီး နှစ်စဉ် ကြွက်သားထုထည် ၁/၂ မှ ၁ ရာခိုင်နှုန်းအထိ လျော့ကျနေကြောင်း
လေ့လာမှုတွေအရ သိရပါတယ်။ ၁၀ နှစ်ကြာတိုင်း ကြွက်သားထုထည်က ၁၂-၁၅ ရာခိုင်နှုန်းလျော့ကျ
နေပါတယ်။ ပရိုတင်းဓာတ်ပါဝင်အောင် ထည့်စားပါ။ နွားနို့မှာပါတဲ့ Whey ပရိုတင်းဓာတ်ဟာ ကြွက်သား
တွေကို သန်စွမ်းစေပါတယ်။

(၈) မှတ်ဥာဏ်အားကောင်းစေရန်

- မုန်လာဥ၀ါဖျော်ရည်သောက်ပါ

မုန်လာဥ၀ါမှာ ဖလေဗိုးနွိုက်လူတီရိုလင် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ရောင်ရမ်း မှု ဖြစ်ရင် မှတ်ဥာဏ်စွမ်းအားကျနိုင်ပါတယ်။ မုန်လာဥ၀ါကို စားတဲ့ကြွက်တွေဟာ မစားတဲ့ ကြွက်တွေထက် မှတ်ဥာဏ်ပိုမိုကောင်းမွန်ပြီး ရောင်ရမ်းမှုဖြစ်နှုန်းလျော့ကျစေတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ငရုတ်ပွသီး၊ တရုတ်နံနံနဲ့ စမုန်ဖြူတို့မှာလည်း လူတီရိုနင်ပါဝင်ပါတယ်။

(၉) အရေပြားကင်ဆာကို ကာကွယ်နိုင်စေရန်

- ကော်ဖီ သောက်ပါ

တစ်နေ့ ကော်ဖီတစ်ခွက်သောက်တာက အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဥရောပ ဂျာနယ်ရဲ့ လေ့လာမှုအရ တစ်နေ့ကဖင်းပါတဲ့ ကော်ဖီတစ်ခွက်သောက်တဲ့သူတွေက အရေပြားကင်ဆာ
ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်းသိရပါတယ်။

(၁၀) ခံတွင်းနံ့သင်းပျံ့စေရန်

- ရေသောက်ပါ

ရေကလည်ချောင်းနဲ့ နှုတ်ခမ်းသားတွေကို စိုပြည်စေပြီး ခံတွင်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းခြောက်တာကြောင့် ခံတွင်းနံ့နံစေနိုင်ပြီး မနှစ်မြို့ဖွယ်ရာအရသာကို ဖြစ်စေပါတယ်။

(၁၁) မျက်စိကျန်းမာစေရန်

- လိမ္မော်ရည် သောက်ပါ

အင်တီအောက်ဆီးဒင့်နည်းနည်း မှီဝဲသူတွေက အသက်အရွယ်ကြီးတာကြောင့်ဖြစ်တဲ့ မက်ကူလာယိုယွင်းမှု (AMD) ဖြစ်နိုင်ခြေပိုများစေပါတယ်။ AMD ဟာအသက် ၆၀ ကျော်တွေမှာ မျက်စိမမြင်တာကို ဖြစ်စေတဲ့ အချက်တစ်ခုပါ။ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဗီတာမင်စီအင်တီအောက်ဆီးဒင့်ဟာ ရောဂါဝေဒနာတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment