Thursday, July 17, 2014

သဘာဝအတိုင်း အရပ်မြင့်လာစေရန်

အသက်ကြီးလာမှ အရပ်ရှည်ထွက်လာဖို့ မလွယ်ပါဘူး။ ငယ်စဉ် ကလေးဘဝကတည်းက သဘာဝနည်း အ တိုင်း အရပ်ရှည်ထွက်လာစေဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုသလို အစားအသောက်တွေကလည်း အရေးကြီးပါ တယ်။ အသက်၂၁ နှစ်ကျော်ချိန်မှာ ကြီးထွားမှုက ရပ်တန့်သွားလေ့ရှိတာကြောင့် အသက် ၂၁ နှစ်မတိုင်ခင် မှာ အရပ်မြင့်လာစေဖို့ လိုက်နာသင့်တဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။


(၁) ကြိုးခုန်ပါ


ကြိုးခုန်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေရုံသာမကကြွက်သားတွေကို ကြီးထွားစေပါတယ်။ အရပ်မြင့်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။

(၂) နွားနို့သောက်ပါ

ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်စတဲ့ အာဟာရဓာတ်သုံးမျိုးပါဝင်တဲ့ နွားနို့ကို ပုံမှန်သောက်တာကြောင့် အရပ်ရှည်စေပါတယ်။

(၃) ကယ်လ်စီယမ်မှီဝဲပါ

အစစ်မှန်ဆုံး ကယ်လ်စီယမ်အမျိုးအစား Coral Calcium ဟာ အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီးကြီး ထွားမှုကို အားပေးပါတယ်။

(၄) ဘောလုံးကန်ပါ


ခြေထောက်အောက်ပိုင်း ကြီးထွားစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။

(၅) ပဲပိစပ် စားပါ

ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတဲ့ပဲပိစပ်ဟာ ကြွက်သားတွေရဲ့ ကြီးထွားမှုကို တိုးမြင့်စေပါတယ်။

(၆) ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်နေဟန် မတ်မတ်ထားပြီး ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ်ကြွက်သားတွေကို
ပျော့ပျောင်းစေပြီး ကြီးထွားမှု ဖြစ်စေပါတယ်။

(၇) တိရစ္ဆာန်ထွက်ပရိုတင်း မှီဝဲပါ

ကြက်သား၊ အမဲသား စတဲ့ တိရစ္ဆာန်ထွက်ပရိုတင်းဓာတ်တွေဟာ ကြွက်သားတွေကို ကြီးထွားစေပါတယ်။ ကြွက်သားကြီးထွားသန်စွမ်းမှုအတွက် အကောင်းဆုံး ပရိုတင်းအရင်းအမြစ်လည်း ဖြစ်ပါတယ်။

(၈) မြွေဟောက်ပုံစံ ယောဂကျင့်စဉ်ကျင့်ပါ


ဦးခေါင်းကို မြွေလို ထောင်ပြီး ကြမ်းပြင်ပေါ်မှာပက်လက်လှန်ကာ လှဲရင်း ပြုလုပ်ရတဲ့ ယောဂကျင့်စဉ်ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေကို ဆွဲဆန့်ပြီးအရပ်ရှည်ထွက်စေပါတယ်။

(၉) ကြက်ဥ/ဘဲဥစားပါ


ကြက်ဥ၊ဘဲဥထဲမှာ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဒီအများအပြား ပါဝင်ပါတယ်။ ဒီအာဟာရဓာတ် သုံးမျိုးစလုံးဟာ အရပ်ရှည်စေပါတယ်။

(၁ဝ) ကိုယ်နေဟန်မတ်မတ်ထားပြီးဘားတန်းဆွဲပါ


ဘားတန်းကို လက်နဲ့ ဆွဲတဲ့အခါကိုယ်နေဟန် မတ်မတ်ထားလိုက်ရင် အရပ်ရှည်ထွက်စေပါတယ်။ အသက်ငယ်စဉ် ဘားတန်းဆွဲရင် ကျောရိုးမကြီးကိုကြီးထွားသန်စွမ်းစေပါတယ်။

ဇွန်

0 comments:

Post a Comment