ခန္ဓာကိုယ်မှာ အဆီပိုတွေကင်းပြီး သွယ်လျ လှပစေဖို့အတွက် နေ့စဉ်စားသောက်တဲ့ နည်းလမ်းတွေက အရေးပါပါတယ်။ ဒါကြောင့် နိုင်ငံအသီးသီးက ကျင့်သုံးကြပြီး တကယ်ထိရောက်မှုရှိကာ လွယ်လည်းလွယ်ကူတဲ့ အဆီလျှော့ချရေး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
စပိန်နိုင်ငံ၏ အဆီလျှော့ချရေး နည်းလမ်း
* အစာကို ဖြည်းဖြည်း စားပါတယ်
အစာကို မျိုချတာ မြန်လေလေ၊ အစာက လျှာရဲ့ အရသာခံအာရုံနဲ့ ထိတွေ့မှုနည်းလေလေဖြစ်ပြီး စိတ်ကျေနပ်မှု အပြည့်အဝ မရဘဲ အစာကို များများစားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စပိန်လူမျိုးတွေကို ဟင်းခွက် သေးသေးလေးတွေနဲ့ ဖြည်းဖြည်းချင်း စားလေ့ရှိပါတယ်။ ဟင်းခွက် သေးသေးလေးတွေနဲ့ စားရင်း အစာတစ်လုတ်နဲ့ တစ်လုတ်ကြား အနားပေးလေ့ရှိပါတယ်။ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားတတ်သူတွေရဲ့ ခန္ဓာကိုယ် ထုထည်အညွှန်းကိန်း (BMI)ဟာ အစာကို မြန်မြန် စားတတ်သူတွေထက် သိသိသာသာ လျော့ကျနေတာကို တွေ့ရတယ်လို့ Rhode Island တက္ကသိုလ်မှ လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားတတ်တာဟာ အစာအိမ်မှ ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း မြန်မြန် အချက်ပြပေးနိုင်လို့ပါ။
Tip! ကြော်ငြာကောင်းတဲ့ ပိန်စေတဲ့ အစာတွေကို မယုံပါနဲ့
စူပါမားကက် အများစုမှာ တင်ရောင်းလေ့ရှိတတ်တဲ့ အဆီကျစေတယ်၊ ပိန်စေတယ်ဆိုတဲ့ အစာတွေကို တရားလွန် မယုံကြည်သင့်ပါဘူး။
အီတလီနိုင်ငံ၏ အဆီလျှော့ချရေး နည်းလမ်း
* အတိုင်းအတာထက် အရည်အသွေးကို ပိုတန်ဖိုးထားပါတယ်
အမေရိကန်လူမျိုး အများစုက တရုတ်စာ ဘူဖေး၊ ဆီကြော်စာ၊ ပေါင်မုန့် စတဲ့ ပမာဏ များများရတဲ့ အစာတွေကို စားလေ့ရှိပေမယ့် အီတလီ လူမျိုးတွေကတော့ ပြောင်းပြန်ပဲ ဖြစ်ပါတယ်။ ဈေးသက်သာပြီး တာရှည်ခံစေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြည့်နေရင် စားလေ့မရှိပါဘူး။ အီတလီလူမျိုးတွေ အစားများလေ့ရှိတဲ့ အစာက ခရမ်းချဉ်သီးကို ကြိတ်ခြေပြီး ဆေးဖက်ဝင်ပစ္စည်းတွေ၊ ကြက်သွန်ဖြူနဲ့ သံလွင်ဆီတို့နဲ့ နှပ်ထားတဲ့ ခရမ်းချဉ်သီးဆော့စ်ပဲ ဖြစ်ပါတယ်။ ဒီဆော့စ်က ပြုလုပ်ရတာ မြန်သလောက် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားလို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
Tip! စိတ်ဖိစီးမှုကို လျှော့ချပါ၊ ကိုယ်အလေးချိန် ကျပါလိမ့်မယ်
ခြေပစ်လက်ပစ် စိတ်ဓာတ်ကျနေရင် ဗိုက်ပူလာစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။ ဒါကြောင့် သွယ်လျကာ ဆွဲဆောင်မှုရှိစေဖို့ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
ဂရိနိုင်ငံ၏ အဆီလျှော့ချရေး နည်းလမ်း
* သဘာဝအပင်ထွက် ပစ္စည်းတွေကို အဓိက စားလေ့ရှိပါတယ်
အမေရိကန် လူမျိုးအများစုက အသား၊ အာလူးတို့နဲ့ လုပ်ထားတဲ့ အစားအသောက်တွေကို အစားများပါတယ်။ ဒါပေမဲ့ ဂရိလူမျိုးတွေကတော့ ဟင်းသီးဟင်းရွက်တွေကို အဓိက နှစ်သက်ကြပါတယ်။ ပဲသီး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်) နဲ့ ကောင်းတဲ့ အဆီတွေကို အဓိက စားလေ့ရှိပါတယ်။ အပင်ထွက် အစားအစာတွေကို အဓိက စားလေ့ရှိတဲ့သူတွေက ကိုယ်အလေးချိန် ကျစ်လျစ်ပြီး အဆီပိုတွေ ကင်းစေနိုင်တယ်လို့ ပန်ပြည်နယ် လေ့လာသူတွေက တွေ့ရှိထားပါတယ်။
Tip! လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားပါ
စူပါမားကက်တွေကို ဈေးဝယ်သွားတဲ့အခါ ရာသီပေါ် လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။
လက်တင် အမေရိကနိုင်ငံ၏ အဆီလျှော့ချရေး နည်းလမ်း
* ရာသီပေါ် ဒေသထွက် သစ်သီးဝလံတွေကို စားပါတယ်
လက်တင် အမေရိကမှာ ဇွန်လရောက်တိုင်း စတော်ဘယ်ရီလို ဘယ်ရီသီးတွေ ပေါများတတ်ပါတယ်။ အဲဒီလို သီးနှံတွေမှာ အာဟာရဓာတ် ပြည့်ပြည့်ဝဝ ပါဝင်တာကြောင့် စားလေ့ရှိပါတယ်။ ကိုယ်နေတဲ့ ဒေသတစ်ဝိုက်နဲ့ မိုင် ၁၀၀ အတွင်း ပေါက်ရောက်တဲ့ ရာသီပေါ် သီးနှံတွေက လတ်ဆတ်ပြီး အာဟာရဓာတ် ပိုမိုပြည့်ဝတယ်လို့ USDA လေ့လာသူတွေက ဆိုပါတယ်။ လက်တင် အမေရိကမှာ လတ်ဆတ်တဲ့ ရာသီပေါ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပေါများပါတယ်။
Tip! အဆီဖြစ်စေတဲ့ အစာတွေကို ရှောင်ပါ
မီနူးကတ်မှာ သရေစာတွေများတဲ့ စားသောက်ဆိုင်ကို ရှောင်ပါ။ စူပါမားကက်မှာ အဆင်သင့် အစာတွေ ဝယ်မယ်ဆိုရင် အညွှန်းမှာ သဘာဝပစ္စည်းတွေ ပါတာကို ရွေးပါ။
ပြင်သစ်နိုင်ငံ၏ အဆီလျှော့ချရေး နည်းလမ်း
* အဟန့်အတားတွေကို ဖယ်ရှားနိုင်စွမ်း ရှိကြပါတယ်
အမေရိကန်လူမျိုးတွေရဲ့ ညစာစားပွဲ အများစုဟာ တီဗီရှေ့မှာ ဖြစ်တတ်ပေမယ့် ပြင်သစ်လူမျိုးတွေကတော့ သီးသန့် စားလေ့ရှိတတ်ပါတယ်။ တီဗီလည်း ကြည့်လေ့မရှိသလို အစားအမြန်ကုန်အောင် စားရတဲ့ ပြိုင်ပွဲတစ်ရပ်လိုလည်း မစားကြပါဘူး။ ဒါကြောင့် ပြင်သစ်လူမျိုး အများစု အဆီမရှိဘဲ သွယ်လျတာ အံ့အားသင့်စရာ မဟုတ်ပါ။ လေ့လာမှု တစ်ရပ်အရ တီဗီကြည့်ရင်း အစာစားတဲ့အခါ ဒိန်ခဲလို အဆီစာတွေကို ၇၁ ရာခိုင်နှုန်း ပိုစားဖြစ်တတ်ကြောင်း သိရပါတယ်။ ပြင်သစ်လူမျိုးတွေက အစာကို ဗိုက်ဆာမှ ဖြစ်သလို စားတတ်သူတွေ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်ပြီး စားလေ့ရှိကြပါတယ်။ ဒပ်ခ်ျလေ့လာမှု တစ်ရပ်အရ နောက်လာမယ့် အစာတွေအတွက် ကြိုတင်ပြင်ဆင်လေ့ရှိသူတွေက ကိုယ်အလေးချိန် မြင့်တက်နှုန်း နည်းလေ့ရှိကြောင်း သိရပါတယ်။
Tip! ဝမ်းဗိုက်လျော့ကျစေမည့် လှည့်ကွက်
ကိုယ်အလေးချိန် လျော့ကျလိုတဲ့အခါ အစာကို စားနေကြ ပမာဏထက် လျှော့စားတတ်ကြပါတယ်။ တကယ်တော့ စားတဲ့ အတိုင်းအတာထက် ဘာတွေစားလဲ၊ ဘယ်လိုစားလဲ ဆိုတာကလည်း အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဇွန်
photo copy from google search
originally posted by Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-57133
0 comments:
Post a Comment